Wednesday, December 4, 2013

Android 4.4 kitkat တွင်​မြန်​မာစာစနစ်​ပါဝင်​လာပါပြီ

ီGoogle ၏ နောက်ဆုံးထွက်ရှိထားသည့် မိုဘိုင်း Operation System ဖြစ်သော Android 4.4 KitKat တွင် မြန်​မာစာယူနီကုဒ်​စနစ်​ပါဝင်​လာမည်​ဖြစ်​​ကြောင်းသိရသည်​။ မြန်မာစာယူနီကုဒ် Font များကို Windows, Mac OSX, Android, Linux အစရှိသည့် Operation System တို့တွင် Install ပြုလုပ် အသုံးပြုနိုင်ပြီ ဖြစ်သော်လည်း iOS Platform အတွက် ပါဝင်လာခြင်း မရှိသေးပေ။ ယခင်က Android 4.4 KitKat Version တွင် Unicode Font ကို ပြုလုပ်မှ အသုံးပြု၍ ရနိုင်ခဲ့ခြင်း ဖြစ်ပြီး ယခုမှ တရားဝင် ပါဝင်လာခြင်း ဖြစ်သည်။ Android 4.4 KitKat Version တွင် Myanmar Unicode ပါဝင်လာခြင်း​ကြောင့်​ မြန်​မာစာသက်​သက်​အတွက်​ Root လုပ်စရာ မလိုတော့ပါ။ Android apps များ​ရေးသားရာတွင်​လည်း Myanmar Font အတွက် Zawgyi Font ကို app ထဲ ထည့်စရာ မလိုတော့လို့ ကျုံ့သွားမှာပါ။ Unicode Font သုံးမယ်ဆိုရင် ရှိပြီးသား app တွေအတွက် Compatible လည်းပိုဖြစ်​လာမှာပါ။ ယခုကဲ့သို့ Android 4.4 KitKat တွင် Myanmar Unicode တရားဝင် ပါဝင်လာခြင်းကြောင့် Unicode အသုံးပြုလိုသူများအတွက် အဆင်ပြေလာမည် ဖြစ်ပြီး စတင်စမ်းသပ် သုံးစွဲသူများ အတွက်မူ လက်ကွက် အခက်အခဲများ ဖြစ်​ပေါ်လာနိုင်​ပါတယ်​။

No comments:

Post a Comment